ငပုတောမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ငပုတော ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ငပုတောမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဓာတ်မြေဩဇာအရောင်းဆိုင်များ ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ပုံမှန်ဈေးနှုန်းဖြင့် တောင်သူများအား ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက မိုးတွင်းကာလရောက်ရှိပြီဖြစ်၍ လယ်ယာလုပ်ကိုင်နေသော တောင်သူကြီးများ ဓာတ်မြေဩဇာများကို ဈေးနှုန်းကြီးမားစွာ ရောင်းချခြင်းမပြုရန်နှင့် သတ်မှတ်ရည်ညွှန်ဈေးဖြင့်သာ ရောင်းချပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)