လက်ပံတန်း၌ မီးရထားလမ်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထား‌ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဇွန် ၂၁

မကြာမီအချိန်အတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်သို့ DEMU အထူးအမြန်ရထား ပြေးဆွဲမည်ဖြစ်ရာ လက်ပံတန်းဘူတာ၌ မီးရထားလမ်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထား‌ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက DEMU အထူးအမြန်ရထား ဖြတ်သန်းသွားမည့် မြို့/ရွာများတွင် ရထားလမ်းတစ်လျှောက် မလွတ်ကင်းသည့်သစ်ပင်များနှင့် အဆောက်အဦများကို အချိန်မီဖယ်ရှားရှင်းလင်းသွား‌ရေး၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းသွားရန် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အစုန်/အဆန်သွားလာနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)