ဝါးခယ်မမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဆင်းပွဲ ကျင်းပ

ဝါးခယ်မ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီးဌာနက ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဆင်းပွဲကို ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ဝါးခယ်မမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ယင်းသင်တန်းကို (၁၅-၆-၂၀၂၆)ရက်နေ့မှ (၁၉-၆-၂၀၂၆)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချခဲ့ပြီး ဈေးနှင့် လုပ်ငန်းဌာနများမှ သင်တန်းသား (၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)