ကျွန်းစုမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

ကျွန်းစု ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ကျွန်းစုမြို့ မြို့အဝင်ဆိပ်ကမ်း၌ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများပါရှိကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)