​​ကညွတ်ကွင်းမြို့၊ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

ဖြူး ဇွန် ၂၀

​​ကျောင်းသားအရွယ်မှ စတင်ကာအသိပညာ ဗဟုသုတများရရှိစေပြီးအတွေးအခေါ်များ ရင့်သန်စေရေးအတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ​ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အ.ထ.က (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်အမာကြည်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသားလူငယ်များ လေ့လာမှုများဖြင်အသိပညာပိုမို တိုးတက်လာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲ ဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် လူငယ်စကားဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး လူငယ်နှင့်နည်းပညာခေါင်းစဥ်အား  Grade-11မှ မောင်တိုဝေယံ၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်အား Grade-9မှ မောင်ခန့်ပို၊  လူငယ်နှင့်စာရိတ္တခေါင်းစဥ်အား Grade-9မှ မောင်တည်ငြိမ်ခန့်၊ လူငယ်နှင့်ကိုယ်ကျင့် တရားခေါင်းစဥ်အား Grade-9မှ မခိုင်ဆုသွယ်၊ လူငယ်နှင့်ပညာရေးခေါင်းစဥ်အား Grade-9မှ မရွှေအိမ်ပြည့်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များအား လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်းစကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့်အချက်များအား  မေးမြန်းဆွေးနွေး​​ခြင်း၊ ပြန်လည် ဖြေကြား ဆွေးနွေး​ခြင်း များကို ပြုလုပ်ခဲ့ကြောင်းနှင့် ဦးဆောင်ဆွေးနွေးသူ ၅ ဦးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)