ဇလွန်မြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဇလွန်  ဇန်နဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်မြစိမ်းရောင် တာဝန်ခံ ဦးကျော်မင်းထိုက်မှ အဖွဲ့များဖွဲ့၍ ဆွေးနွေးရမည့် အချက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မြစိမ်းရောင် စီမံကိန်းကျေးရွာ (၁၅)ယူနစ်မှ ကော်မတီဝင်များက စီမံကိန်းနှင့် ပတ်သက်သည့် အချက်များအား အကြံပြုသုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)