ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများနှင့်အ​ငြိမ်းစားပင်စင်များအား ကျန်းမာရေးစောင့်ရှောက်မှုကို ဟုမ္မလင်းခရိုင် စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေးကောမတီဥက္ကဋ္ဌ ကြည့်ရှုအားပေး

ဟုမ္မလင်း ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများနှင့် အငြိမ်းစားပင်စင်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို​ ယနေ့နံနက် (၈) နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ဒုတိယခရိုင်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းဝင်းတို့က သက်ကြီးဘိုးဘွားများ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများအား အခမဲ့စောင့်ရှောက်ကုသဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ နေဝင်းထွန်းနှင့် တာဝန်ကျဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားပင်စင်ဝန်ထမ်း (၁၃) ဦးနှင့် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်သက်ကြီးဘိုးဘွား (၈၃) ဦးတို့အား အခမဲ့စောင့်ရှောက်ကုသ ဆောင်ရွက်ခဲ့​ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)