ကော့ကရိတ် ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီး ရွယ်အို ဘိုး/ဘွား များအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်(ပထမ)အကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း ကသက်ကြီးဘိုးဘွားများကိုထောက်ပံ့ငွေပေးအပ်ရာ တွင် သက်ဆိုင်ရာရပ်ကွက်ကျေးရွာများမှ ဘိုးဘွားများ၏လက်ဝယ်သို့ရောက်ရှိ ထောက်ပံ့ငွေပေးအပ်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုး/ဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်(ပထမ)အကြိမ်(အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လ လူမှုရေးပင်စင် ထောက်ပံ့ငွေဖြစ်ပြီး ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစောဘီစံသိန်း မြင့်၊ ဒေါက်တာမျိုးအောင်၊ ကော့ကရိတ် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါ်အေးအေးသင်း တို့ကကော့ကရိတ်မြို့အတွင်းရှိ ရပ်ကွက်(၇) ခုနှင့် ကျေးရွာ အုပ်စု(၅၇)စုမှဘိုးဘွား (၁၂၇၈)ဦး အတွက်ထောက်ပံ့ ငွေကျပ်(၃၈၃၄၀၀၀ဝိ/) အားအုပ်ချုပ်ရေးမှူး များထံ အသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)