ကျွန်းလှမြို့နယ်တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေ၊ နည်းဥပဒေ နှင့် အညီရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေး

ကျွန်းလှ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေ၊ နည်းဥပဒေနှင့်အညီရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေးခြင်းကို ဇွန် ၁၉ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ကျင်းပသည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်နိုင်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဥပဒေအရာရှို့က ကြီးကြပ်ရေးအဖွဲ့ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ ဆယ်အိမ်စု၊ ရာအိမ်စုဖွဲ့စည်းခြင်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်ရေးလုပ် ငန်းများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကြီးကြပ်ရေးအဖွဲ့ဝင် စုစုပေါင်း (၁၀၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ