ဆိပ်ဖြူ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းမုန့်ဈေးဆိုင်များ၌ စားသုံးရန်မသင့်သည့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောင်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံစေရန်အတွက် ကျောင်းမုန့်ဈေးဆိုင်များ၌ စားသုံးရန်မသင့်သည့်အစားအစာများ ရောင်းချမှုမရှိစေရန်ရည်ရွယ်ဆောင်ရွက်ကြောင်းသိရပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းဦးဆောင်သည့် သက်ဆိုင်ရာဌာနများက ဆိပ်ဖြူ(အ.ထ.က)ကျောင်းနှင့် အနောက်ပိုင်းမူလတန်းကျောင်းတို့ရှိ ကျောင်းမုန့်ဆိုင်များတွင် စာသုံးရန်အသင့်သည့်အစားအသောက်များ ရောင်းချခြင်းမရှိရေး၊ ကျောင်းသား/ကျောင်းသူများ ဝမ်းပျက်ဝမ်းလျှော့ရောဂါကင်းရှင်းရေး ယင်နားစာများရောင်းချမှုမရှိပဲ စနစ်တကျ ဖုံးအုပ်ရောင်းချရေးလုပ်ငန်းများကိုလည်းကောင်း၊ ကုန်ညွှန်းအမှတ်တံဆိပ်မပါသည့် စားသောက်ကုန်းများရောင်းချမှုရေး ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)