သရက်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

သရက် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် သရက်မြို့နယ်အတွင်းရှိ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြန်မာအမျိုးသမီးများ ဂုဏ်ရည်” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)