နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနက အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကွင်းဆင်းကုသ

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆေးကုသရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့် အကျိုးထိရောက်မှုရှိစွာကုသနိုင်ရန်ရည်ရွယ်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ညိုရင်လဲ့က တစ်ကိုယ်ရည်သန့်ရှင်းရေး၊ မိုးရာသီတွင မိုးမိခြင်းကြောင့်ဖြစ်ပွားတတ်သော နှာစေခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကုသပေးခြင်း၊ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများဖြင့် ကျောင်းသား/ကျောင်းသူများအား ကုသပေးခဲ့ကြောင်း သိရသည်။

လှဝင်း