တောင်တွင်းကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်းပို့ချ

တောင်တွင်းကြီး ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ဇွန်လ ၁၇ ရက်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းက မွေးမြူရေးတိရစ္ဆာန်များတွင် ကူးစက်ရောဂါများအရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင်းလှစ်သင်ကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျွဲး၊ နွား၊ ကူးစက်ရောဂါများနှင့် ကာကွယ်ဆေးများ၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့်အခြားရောဂါများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် မွေးမြူရေးခြံများဇီဝလုံခြုံမှုမြှင့်တင်ရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသို့မြို့နယ်အတွင်းရှိ မွေးမြူသူများနှင့်တိရစ္ဆာန်ကျန်းမာရေးလုပ်သား (၂၀)ဦး တက်ရောက်ကာ သင်တန်းကာလကို ဇွန်လ ၁၇ မှ ၁၉ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ဦးမျိုး (ဗိဿနိုး‌မြေ)