ဘားအံ ဇွန် ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇမ္ဗူမြိုင်သီလရှင်သင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆက်ကပ်လှူဒါန်းခြင်းကို ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဇမ္ဗူမြိုင်သီလရှင်သင်ပညာရေးကျောင်းရှိ သီလရှင်ဆရာလေးအပါး (၂၀၀)အတွက် ဆန်၊ ဆီ၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ဘားအံမြို့နယ်အတွင်းရှိ သီရိဟေမာ၊ လှဂုဏ်ရည်၊ ဇမ္ဗူမြိုင်၊ သုခဝတီ၊ မဏိဇေယျုံသီလရှင်သင်ပညာရေးကျောင်းများသို့ လစဉ်အလှည့်ကျ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)