တောင်ငူ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ် ဥပဒေပညာဌာန၌ “ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ ခေတ်အလိုက် တရားစီရင်ရေးအခြေခံမူများ၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အကောင်အထည်ဖော်မှုများ” အကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် တောင်ငူခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးကြည်မင်းစိုးနှင့် ဒုတိယခရိုင်တရားသူကြီး ဦးဌေးဝင်းအောင်တို့က ဆွေးနွေးခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမွှေး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်၊ ဥပဒေပညာဌာနပါမောက္ခ ဒေါက်တာ အေးအေးကြိုင်တို့ ဦးဆောင်သော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)