အိမ်မဲမြို့တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

အိမ်မဲ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက သင်တန်းဖွင့်အမှာစကားများကိုပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများက ရပ်/ကျေးလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးများက ဌာန၏ပင်မလုပ်ငန်းများ၊ အခြားဝန်ကြီး ဌာနမှလွှဲအပ်‌သည့်လုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သင်ကြားခဲ့ကြောင်း သိရသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်းတွင် သင်တန်းသား ၁၀၂ ဦးရှိပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)