ကော့ကရိတ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်

ကော့ကရိတ် ဇွန် ၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့တွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အခြေခံပညာ ကျောင်းများရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UIDကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၆ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူ(၆၀)တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ဆောင်ရွက်ပေးလျက်ရှိပြီး  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(ယာယီခရိုင်ဦးစီးမှူး) ဦးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးလှသန်းနိုင်၊ အထက-‌ ချောင်းတောင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦး‌စောဝင်းထိုက်တို့က နိုင်ငံသားစိစစ်‌ရေးကတ်ပြားဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)