နတ်တလင်းမြို့နယ် အထက(ခွဲ)လှပခြင်း၌ လူငယ်စကားဝိုင်းကျင်းပ

နတ်တလင်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ)လှပခြင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ  အ.ထ.က(ခွဲ)လှပခြင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင့်ဖြူမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက လူငယ်စကားဝိုင်း များကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ မြို့နယ်ဦးစီးမှူးမှ ဦးဆောင် ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-10 မှ မအိမြတ်ရွှေရည် က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-11 မှ  မ​​မြတ်နိုးဝေက "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ GRADE-10 မှ ​မောင်ကောင်းမွန်ခန့်က  "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊   GRADE-11 မှ မသူသူဇွန်က "လူငယ်နှင့်စာရိတ္တ"  ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက် လာသော  ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည် ဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင့်ဖြူမောင်နှင့် ဆရာ /ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ပြီး၊ ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူ များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)