ကျောက်တံခါး ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဇလုပ်ကြီးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဇလုပ်ကြီးကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိ ယဦးစီးမှူး ဒေါ်သန်းသန်းစိုးက ကျောင်းသား၊ကျောင်းသူ လူငယ်များအား လူကုန်ကူးမှု ဖြစ်ပွားစေ သော အဓိကအကြောင်းရင်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့် ဒုက္ခစသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဟောပြော ာဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက အသိပညာပေးခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)