မကွေး ဇွန် ၁၈
မကွေးဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.လ.က(ခွဲ) ရန်အောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က(ခွဲ) ရန်အောင်ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးလှစန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က "ဆိုရှယ်မီဒီယာရဲ့အနာဂတ်နှင့် AIရဲ့ အခန်းကဏ္ဍ"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက "Vape မှသည် မူးယစ်နွံဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သုတ၊ရသ၊စာအုပ်စာစောင်ပြပွဲနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါးနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)