ကံမမြို့ အခြေခံပညာမူလတန်းကျောင်း (မဒေးဝ) ၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော

ကံမ ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း (မဒေးဝ) ၌ ယနေ့ နံနက် (၁၀) နာရီက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာ သဉ္ဇာထွန်းက သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းကိုလည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူနှင့် လက်ထောက်ကျန်းမာရေးမှူး ဒေါ်အေးစုခိုင်တို့က ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့အား အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူ (၄၅) ဦးတို့အား မျက်စိအမြင်အာရုံ စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အထွေထွေ ကျန်းမာရေး စစ်ဆေးပေးခြင်းများအား ပြုလုပ်ပေးပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 ကျော်ဇေယျဝင်း(ကံမ)