သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

သဲကုန်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က Youth Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဖေမြင့် ရေးသားထားသော "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုများတိုးပွား၍ စာပေချစ်သူများ တစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေခြင်းဖြင့် ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ရ​ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Youth Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များက ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း၊ စာဖတ်ခြင်းကြောင့် ဘာအကျိုးထူးတွေခံစားရရှိနိုင်သလဲ၊ ခေတ်အဆက်ဆက် ကမ္ဘာကိုလွှမ်းမိုးခဲ့သောစာအုပ်များ စသည့်ခေါင်းစဥ်များဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ထပ်မံဖြည့်စွက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)