အောင်လံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

အောင်လံ ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ပြည်သူများနှင့် လူငယ်လူရွယ်များ စာအုပ်စာပေကို ပိုမိုမြတ်နိုးလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ စဉ်ဆက်မပြတ် ရရှိနေစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့်က အဖွင့်အမှာစကား ပြောကြားရာ၌ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဌေးဌေးဝင်းက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်၍ မိတ်ဆက်ဖတ်ကြား ဆွေးနွေးသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များအနက် တက်ရောက်လာသူတစ်ဦးက မိမိတို့ ဖတ်ရှုလေ့လာရရှိသည့် စာအုပ်ပါ အတွေးအခေါ်၊ အယူအဆများနှင့် အမျိုးသမီးများ၏ ဘဝကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များကို ပြန်လည်မျှဝေကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)