ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး လက်တွေ့ကွင်းဆင်းသရုပ်ပြသ

ရွှေတောင် ဇွန် ၁၈

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဇယ်မကျေးရွာအုပ်စု၊ လက်ပံတုန်းကျေးရွာ ကွင်းအမှတ် (၄၉၀) ရေမျက်ကွင်းအတွင်းရှိ တောင်သူ ဦးဇော်မိုးနိုင်၏ မိုးနှမ်း (ဆင်းရတနာ- ၃) မြေဧရိယာ (၂၅) ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နှမ်းပင်များ လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် ပေါင်းမြက်ကင်းစင်ရေး၊ ကိုင်ထြာမှုအားကောင်စေရန် အပင်ကြပ်နှုပ်ပယ်ခြင်း၊ နွားထယ်ဖြင့်မြောင်းဆွဲခြင်း၊ အပင်အားကောင်းစေရန် နွားကျင်ငယ်ရေပတ်ဖျန်းခြင်းများကို လက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါသရုပ်ပြဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ (ဇယ်မ၊ မဲတော) အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)