နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ လူငယ်လူရွယ်များတစ်ဦးပေါ်တစ်ဦး စိတ်ကောင်းစေတနာများထားရှိပြီး အချင်းချင်းရိုင်းပင်းကူညီကြရန်စသည့် အသိပညာပေးအကြောင်းအရာများဟောပြောခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ညိုရင်လဲ့က မိုးရာသီတွင်ဖြစ်တက်သည့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါကာကွယ်ရန်နည်းလမ်းများအကြောင်း အသိပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ညိုရင်လဲ့က ကျောင်းသား/ကျောင်းသူများအား သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးအတွက်တိုင်းရင်းဆေးများပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်များကို ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှူခဲ့ကြကြောင်း သိရသည်။
လှဝင်း