နတ်မောက်မြို့၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

နတ်မောက် ဇွန် ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁)ဒေါ်ရီရီငြိမ်းက ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း ကျောင်းကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး ဆောင်ရွက်ရမည့်အချက်လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိဝန်ထမ်းတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများတက်ရောက်ခဲ့ကြပြီး ကျောင်းအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးအဆင့်မြင့်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဆင့်လိုက်ခွဲခြားသတ်မှတ်ရမည့် လုပ်ငန်းတာဝန်တို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း