မြို့သစ် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောကို ဇွန် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်ကအဖွင့်အမှာစကားပြောကြားပြီး မြို့မစခန်းမှူး ဒုရဲမှူးစိုးမြင့်နိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေးအသိပညာပေးခြင်း၊ မြို့နယ်ဥပဒေအရာရှိက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ပေးရေးဥပဒေအကြောင်း သိကောင်းစရာကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အမျိုးသမီးများသားအိမ်ခေါင်းကင်ဆာကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများက အမျိုးသမီးများနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)