မီးသတ်ယာဉ်ကြံ့ခိုင်မှုရှိစေရန် ကန်ပက်လက်မြို့မိမြို့ဖအဖွဲ့မှ ကားတာယာနှင့် ဘက်ထရီများ လှူဒါန်း

ကန်ပက်လက်         ဇန်နဝါရီ       ၂၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးသတ်ယာဥ်များကြံ့ခိုင်မှုရှိစေရန်ရည်ရွယ်၍ ကန်ပက်လက် မြို့မိမြို့ဖအဖွဲ့မှ ကားတာယာနှင့် ဘက်ထရီလှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၁)နာရီက ပြုလုပ်ကြသည်။

 အဆိုပ ါကားတာယာ(၂)လုံးနှင့် ဘက်ထရီ(၂)လုံး စုစုပေါင်းအလှူငွေ ပမာဏကျပ် ငါးသိန်းခွဲ ရှိပြီး ယင်းပစ္စည်းများ လှူဒါန်းပေးခြင်းကို မြို့မိမြို့ဖဥက္ကဌဦးမြမောင်းမှ ပေးအပ်ခဲ့ရာမြို့နယ် မီးသတ်ဦးစီးမှူးဦးအောင်ကိုလတ်က လက်ခံခဲ့ကြောင်းနှင့် လက်ရှိကန်ပက်လက်မြို့တွင် မီးငြိမ်းသတ်ယာဉ်နှစ်စီးနှင့် မီးသတ်ရေသယ်ယာဉ် နှစ်စီး ရှိကြောင်းသိရပါသည်။

ကန်ပက်လက်မြို့နယ်တွင် မီးငြိမ်းသတ်မှုသရုပ်ပြခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများနှင့် စက်သုံးဆီများ စနစ်တကျရောင်းချမှုရှိ/မရှိများ စစ်ဆေးပေးခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုလိန်း(ပြန်/ဆက်)