မြို့သစ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မြို့သစ် ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး  မြို့မစခန်းမှူး ဒုရဲမှူးစိုးမြင့်နိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အသိပညာပေးခြင်း၊ မြို့နယ်ဥပဒေအရာရှိက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးဥပဒေအကြောင်းသိကောင်းစရာကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက  အမျိုးသမီးများနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)