နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/ သူများ စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ လူငယ်လူရွယ်များ တစ်ဦးပေါ်တစ်ဦး စိတ်ကောင်းစေတနာများ ထားရှိပြီး အချင်းချင်းရိုင်းပင်းကူညီကြရန်စသည့် အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ညိုရင်လဲ့က မိုးရာသီတွင် ဖြစ်တက်သည့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါကာကွယ်ရန် နည်းလမ်းများအကြောင်း အသိပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ညိုရင်လဲ့က ကျောင်းသား/သူများအား သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးအတွက် တိုင်းရင်းဆေးများ ပေးအပ်ခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်များကို ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း