စက်သုံးဆီအရောင်းဆိုင်များနှင့် စက်ရုံအလုပ်ရုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်

ကြို့ပင်ကောက် ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် စက်ရုံအလုပ်ရုံများ မီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီး အမှတ်(၈၇)သစ်စက်၊ အမှတ်(၆၃)သစ်စက်တို့နှင့်၊ စက်သုံးဆီအရောင်ဆိုင်များတွင် ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုများအား ဖုံးအုပ်ငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြှိမ်းသတ် နည်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပြီး စက်သုံးဆီဆိုင်များတွင်လည်း အသိပညာပေးဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်ကပြောသည်။

ပွင့်လင်းရာသီတွင် ကြို့ပင်ကောက်မြို့၌ မီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီ ဆိုင် (၆)ဆိုင်နှင့် စက်ရုံအလုပ်ရုံများဖြစ်သော သစ်စက်တို့တွင် အသိပညာပေးဟောပြောမှုများပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)