မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သော ခြေနင်းဘေစင်များအား အခြေခံပညာကျောင်းများသို့ လှူဒါန်း

တန့်ဆည်   ဇန်နဝါရီ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော ခြေနင်းလက်ဆေးဘေစင်များကို မြို့နယ် ကြက်ခြေနီအသင်း (ခွဲ) မှ အခြေခံပညာကျောင်းများသို့ ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေနင်းလက်ဆေးဘေစင်များကို တန့်ဆည်မြို့နယ်ရှိ ကာပေါင်းကျကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) နှင့် ဖလံချိုင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)များသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ခြင်းဖြစ်ပြီး ခြေနင်းလက်ဆေးဘေစင်များကို မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သွားရောက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)