ကလိန်အောင် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ကလိန်အောင်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး ဓမ္မာရုံ Facility Quarantine Center ၌ ယမန်နေ့ နံနက်ပိုင်းအထိ အသွားအလာ ကန့်သတ်ထားရှိသူဦးရေ (၂၈)ဦးရှိကြောင်း သိရသည်။
အဆိုပါ Facility Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိမှု လုပ်ငန်း အောင်မြင်ရေးအတွက် ကလိန်အောင်မြို့ အတွင်းရှိ ဌာနဆိုင်ရာများ ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ ပူးပေါင်း၍ နေ့/ည ဆောင်ရွက်လျက် ရှိကြောင်း၊အလှူရှင်များ မှလည်း လာရောက်လှူဒါန်းလျက်ရှိကြောင်း၊ အသွားအလာကန့်သတ် ထားရှိသူများ၏ လိုအပ်သည့် အခက်အခဲများအားဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း လူမှုကူညီရေးအသင်းအဖွဲ့ များ မှ ပေါင်းစပ်ညှိနှိုင်းကာ ဝိုင်းဝန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)