၂၀၂၆-၂၀၂၇ ပညာသင်နှစ် Place ment Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကျင်းပ

ထီးချိုင့် ဇွန် ၁၆

စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ထီးချိုင့်မြို့အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အ‌ခြေခံပညာ အလယ်တန်းကျောင်းတွင် ဖြေဆိုခဲ့ ကြောင်းသိရသည်။

အထူးအစီအစဉ်ဖြင့် ထီးချိုင့်မြို့နယ်၌  Grade(1) ဖြေဆိုသူ (၅၄၃)ဦး ပျက်ကွက် (၁၂၅)ဦး၊ Grade (2) ဖြေဆိုသူ (၇၀၀)ဦး ပျက်ကွက် (၁၂၄)ဦး၊ Grade (3) ဖြေဆိုသူ(၈၂၂)ဦး ပျက်ကွက် (၁၄၆)ဦး၊ Grade (4)ဖြေဆိုသူ(၇၉၄)ဦး ပျက်ကွက်(၁၄၀)ဦး၊ Grade(5) ဖြေဆိုသူ (၆၀၄)ဦး ပျက်ကွက် (၁၃၆)ဦး၊ Grade(6)ဖြေဆိုသူ (၄၇၁)ဦး ပျက်ကွက် (၆၄)ဦး၊ Grade(7)ဖြေ ဆိုသူ(၄၃၇)ဦး ပျက်ကွက်(၆၆)ဦး၊ Grade(8)ဖြေဆိုသူ(၄၆၀)ဦး ပျက်ကွက်(၅၅)ဦး စုစုပေါင်းဖြေဆိုသူ (၄၈၃၁)ဦး ပျက်ကွက် (၈၅၆)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရပါသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး မြင့်သိန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများမှအနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)