ကျွန်းလှ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရက် ၁၀၀ ကာလ လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇွန် ၁၆ ရက်နေ့က သဖန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အချက်အလက်များ တစ်နေရာထဲရရှိနိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ်ဦးစီးမှူး ဦးဝင်းထက်သွင်က ပြောကြားသည်။
အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းကို မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် တာဝန်ကြီးရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ