အုတ်ဖို ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူ နေသူများအနက်မှ ၂ ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ရသူများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Sister ဒေါ်တင်မိုးထွေးက ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာများ ပေးအပ်ပြီး မိမိတို့နေအိမ်တွင် နေထိုင်ရမည့် စည်းကမ်းချက်များကိုမှာကြားကာ စေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို အလှူရှင်များ ကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၁၈၀)ဦးရှိရာ (၁၇၁) ဦးမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မြို့နယ် ပြည်သူ့ဆေးရုံတွင် (၉)ဦးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
အောင်သူ(အုတ်ဖို)