ကံမမြို့နယ် ပေပင်ကျေးရွာ၌ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် မြေသားမိုး ရေလှောင်ကန် တူးဖော်ဆောင်ရွက်

ကံမ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊   ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် သက္ကယ်မြောင်ကျေးရွာ အုပ်စု၊ ပေပင်ကျေးရွာ၌ မြေသားမိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ  မြေသားမိုးရေလှောင်ကန်မှာ   အလျား ၁၂၀ ပေ၊  အနံ ၁၀၀ ပေနှင့် အနက် ၆ ပေ      ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  မူလ ခွင့်ပြုရန်ပုံငွေ ကျပ်  ၇၈   သိန်းဖြင့်  တင်ဒါအောင်မြင်ခဲ့ သည့် Galaxy Khaing Mar ကုမ္ပဏီမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း  ပေပင်ကျေးရွာမှ အိမ်ခြေ (၁၅၈) အိမ်၊ လူဦးရေ (၅၇၉) ဦးတို့နှင့်ကျွဲနွား တိရိစာ္ဆန်များအား   အကျိူးပြုနိုင်မည်ဖြစ်ကြောင်း  မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)