အင်္ဂပူ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထား နိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်ပိုင်းက ကျောင်းကွင်းကျေး ရွာအုပ်စုရှိဖား အောက်တောရဘုန်းကြီး ကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာပျိုးပင်များကိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့်တာဝန်ရှိများက ပေးအပ်ရာသက်ဆိုင်ရာတာဝန် ရှိသူများကလက်ခံရယူခဲ့သည်။ထို့ နောက်မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်ဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့များဝင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများစုစုပေါင်းအင်အား (၁၅၀)ဦးခန့်မှ စုပေါင်း၍ ကျွန်း (၁၅၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊မန်ဂျန်ရှား (၃၀၀)ပင်၊ ကံ့ကော်(၁၅၀) ပင်၊ မဟော်ဂနီ (၁၅၀)ပင်၊ ခရေ (၁၅၀)ပင်၊ ယူကလစ်(၂၅၀)ပင် စုစုပေါင်း (၁၂၅၀)ပင်အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
မန်းကျော် (ပြန်/ဆက်)