လပွတ္တာ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ၂၀၂၆ ခုနှစ်၊ ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်ကို ဇွန်လ(၁၃) ရက်နေ့ နံနက်က လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ မြသန်းတန်ဘုရားအနီး ကျင်းပခဲ့ပါသည်။
ဦးစွာ ပျိုးပင်များကို ခရိုင်အဆင့်တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့တက်ရောက် လာသူများအားလုံးက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်စိုက်ပျိုးကြပါသည်။
သစ်တောဦးစီးဌာန၊ လပွတ္တာမြို့နယ်အနေဖြင့် သဘာဝပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီ ဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံ ဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအားထိန်းသိမ်း ရန်နှင့်သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင်ပြည်သူများတက်ကြွစွာပူးပေါင်း ပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် နိုင်ငံတော်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်နှင့် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပခြင်းဖြစ်ပြီး ဒေသနှင့်ကိုက်ညီသည့်သစ်မျိုးများ၊ အဖိုး တန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ ရေတမာစသည့်သစ်မျိုး(၇)မျိုး စုစုပေါင်း (၁၂၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လူရည်ချွန်များ၊ အခြေခံ ပညာအထက်တန်းကျောင်း (၃)မိုင်မှ ဆရာ /ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းကျောင်းမှ သင်တန်းသူ/သားများ၊(၃)မိုင်မြို့မှ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူ များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များပါဝင်သည့်အင်အား (၆၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်