ဘုတ်ပြင်းမြို့၌ Placement Test (အထူး) စာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို

ဘုတ်ပြင်း ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၁–၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ အထက(ဘုတ်ပြင်း)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ Placement Test (အထူး) စာမေးပွဲ ဒုတိယနေ့ဖြေဆိုနေမှုကိုဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦညီညီနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

Placement Test (အထူး) စာမေးပွဲကို Grade-1 မှ Grade-5 အထိ ကျောင်းသားကျောင်းသူ (၃၀)ဦး ဖြေဆိုကြသည်။ မူလတန်းအောက်အဆင့်စာမေးပွဲကို  ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ  ၊မူလတန်းအထက်အဆင့်နှင့်အလယ်တန်းအဆင့်စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ဇူလိုင်လ  ၁ ရက်နေ့တွင် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်သည်။ စာမေးပွဲအောင်မြင်ကြသည့် ကျောင်းသားကျောင်းသူများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာဆက်လက်သင်ကြားနိုင်ရေး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံလက်ခံခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)