ကသာမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံ

ကသာ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့အတွင်းရှိ အခြေခံပညာ‌ကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ ကျောင်းသူများအားမေလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းအား လက်ခံလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ KG မှ Grade-12 အထိ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုကို ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမင်းတို့က ကြည့်ရှုအားပေး ခဲ့ကြကြောင်းနှင့် အခြေခံပညာကျောင်းများမှ လိုအပ်သည်များကိုလည်း ပေါင်းစပ်‌ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကျောင်းအပ်လက်ခံခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ အုပ်ထိန်းသူမိဘများဖြင့် သက်ဆိုင်ရာ ကျောင်းများတွင် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကသာမြို့နယ်အတွင်းရှိ ‌သက်ဆိုင်ရာကျောင်းများအလိုက် ဇွန်လ ကျောင်းဖွင့်သည်အထိ ဆက်လက်ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ(ကသာ)