အရာတော် ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့သည်။
Placement Test (အထူးအစီအစဉ်) ဖြင့်ဖြေဆိုရာတွင် စာရင်းရှိ (၅၉၉) ဦးရှိရာ Grade-1 တွင် ဖြေဆိုသူ (၅၁) ဦး၊ Grade-2 တွင် ဖြေဆိုသူ (၇၁) ဦး၊ Grade-3 တွင် ဖြေဆိုသူ (၈၁) ဦး၊ Grade-4 တွင် ဖြေဆိုသူ (၈၄) ဦး၊ Grade-5 တွင် ဖြေဆိုသူ (၇၆) ဦး၊ Grade-6 တွင် ဖြေဆိုသူ (၆၇) ဦး၊ Grade-7 တွင် ဖြေဆိုသူ (၅၀) ဦးနှင့် Grade-8 တွင် ဖြေဆိုသူ (၃၃) ဦးရှိရာ စုစုပေါင်း (၅၁၃) ဦး ရှိပြီး ဖြေဆိုသည့် ရာခိုင်းနှုန်း ၈၅ ဒဿမ ၆၄ ရှိကြောင်း ထိုသို့ဖြေဆိုရာတွင် ပထမရက်၌ မူလတန်းဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်တို့ ဖြေဆိုပြီး အလယ်တန်းဆင့်တွင် မြန်မာစာ ဘာသာရပ် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးရုံး မှသိရသည်။
မြို့နယ်ပြန်/ဆက်