ခရိုင်အဆင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဇလွန် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ သစ်တောဦးစီးဌာန(တွဲဘက်) ဇလွန်မြို့သည် ယနေ့နံနက်ပိုင်းက ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်၊ သံလွင်ကွင်းရပ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ဟင်္သာတခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇလွန်မြို့နယ်ရဲမှူးထွန်းနိုင်ထံ ပျိုးပင်များပေးအပ်ပါသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုထံသို့လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက လူရည်ချွန်ကျောင်းသား မောင်အောင်ထက်ဇေထံသို့လည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်လှိုင်က ဇလွန်မြို့နယ်ပညာရေးမှူး ဦးအုန်းကျော်ထံသို့လည်းကောင်း ပျိုးပင်များပေးအပ်ကြပါသည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကျေးအဖွဲ့များ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု အင်အား (၃၅၁) ဦးတို့က ကျွန်း၊ ပျဥ်းကတိုး၊ ခရေ၊ ကံ့ကော်၊ မဟော်ဂနီ၊ တပေဘူတစသည့် ပျိုးပင် (၇၆၀) အား စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)