ဝါးခယ်မမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဝါးခယ်မ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇:၃၀) နာရီအချိန်၌ ထော်ကနွတ် ရပ်ကွက်၊ မြို့ဝင်တံတားအဆင်းတွင် ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူရည်ချွန်ကျောင်းသားများနှင့် ဆရာ/ဆရာမများ နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မန်ဂျန်ရှား (၃၅၀) ပင်၊ ပျဉ်းကတိုး (၅၀) ပင်၊ ကျွန်း (၅၀) ပင်၊ မဟော်ဂနီ (၅၀) ပင် စုစုပေါင်း အပင် (၅၀၀) တို့ကို စု‌ပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)