ကလေးမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကလေး ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပျိုးပင်များကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပွဲတော်သို့ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၅၀) ခန့်တက်ရောက်ခဲ့ကြပြီး ကျွန်း( ၁၀၀)၊ ပျဉ်းကတိုး (၁၂၀)၊ ခရေ(၁၁၀)၊ ကံ့ကော်( ၁၁၀)၊ တမာ (၁၂၀)၊ ပိတောက်(၁၂၀)၊ မယ်ဇလီ (၁၂၀)ပင်၊ စိန်ပန်း (၁၁၀) ပင်၊ စုစုပေါင်း ၉၀၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)