နတ်မောက်မြို့၌ ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများတူးဖော်ပေး

နတ်မောက် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ရေကြီးရေလျှံမဖြစ်ပေါ်စေရေးအတွက် အဖွဲ့ပိုင်စက်ယန္တရားများဖြင့် အောင်ဆန်းရပ်ကွက်ရှိ မြေသားရေနုတ်မြောင်းကို ယမန်နေ့နံနက်ပိုင်းက တူးဖော်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့်m မြို့ပေါ်ရပ်ကွက်များခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုကြောင့် ခြင်ပေါက်ဖွားမှုများမဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေးတို့အတွက် ရေစီးရေလာကောက်းမွန်သည့် မြေသားရေနုတ်မြောင်းများ အလေးထားဆောင်ရွက်လျက်ရှိပြီး ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ်ဖယ်ရှား၍ ရေစီးရေလာကောင်းမွန်သည့် မြေသားရေနုတ်မြောင်းများကို အဖွဲ့ပိုင်စက်ယန္တရားများဖြင့် ရေနုတ်မြောင်းများတူးဖော်ခြင်းကို တာဝန်ခံအင်ဂျင်နီယာနှင့် အဖွဲ့လုပ်သားများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း