မြို့သစ် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ် သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့ မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့သစ်မြို့ မြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများနှင့် တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကိုသုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများစွာဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေးရှင်းလင်းကာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဈေးရောင်းဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်း လျှော့ာ့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းသာယာရေးအလေးထားဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများကို မှာကြားခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)