စေတုတ္တရာ ဇွန်လ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီရုံး(ယာယီ) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာနှင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းဝင်များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းနားတွင် ကျောင်းသား/ကျောင်းသူများက ကြက်ခြေနီအသင်းဖွဲ့ဝင်များကပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု၍ ကြက်ခြေနီအသင်းဖွဲ့ဝင်များက မေးခွန်းများမေးမြန်း၍ မေတ္တာလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)