တမူးမြို့၌ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်

တမူး၊ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လှည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး ရပ်ကွက်များအတွင်းလှည့်လည်၍ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ခြင်နှင့်ပိုးလောက်လန်းကာကွယ်နှိမ်နင်းရေးနည်းများနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများတို့ကို   အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ရတနာ