နတ်မောက် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးဦးကာလ မိုးရွာသွန်းလာသဖြင့် ဆီထွက်သီးနှံမိုးမြေပဲ (၅၇၃၁၆) လျားထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေး ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲအပြင် သီးညှပ်အဖြစ် စိုက်ပျိုးသည့် နေကြာများကို ပိုမိုစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းစနစ်များ၊ သွင်းအားစုများ ပံ့ပိုးကူညီ၍ သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းများ ကွင်းဆင်း၍ တောင်သူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။ ဒေသခံတောင်များသည် ဒေသတွင်း စားသုံးဆီဖူလုံရန်အတွက် နှမ်းနှင့်မြေပဲများကို မိုးစတင် ရွာသွန်းသည့်အချိန်တွင် စိုက်ပျိုးကြသည့်အပြင် မြေပဲကို ဝါဆိုလရောက်သည့်အခါ ဝါဆိုပဲအဖြစ် စိုက်ပျိုးကြသလို ဆောင်းရာသီရောက်လျင်လည်း ဆောင်းမြေပဲအဖြစ်စိုက်ပျိုးကြကြောင်း၊ နှမ်းသီးနှံ ကို နွေနှမ်း၊ ဆောင်းနှမ်းအဖြစ် စိုက်ပျိုးကြပြီး ဆီထွက်သီးနှံနေကြာကိုလည်း မိုးဦးသီးနှံရိတ်သိမ်းပြီးပါက စိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို (၅၇၃၁၆) လျာထားစိုက်ပျိုးရန် သတ်မှတ်ထားကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
မူမူစန်း